Author Archives: Kpsez Editor

CITIC Group နှင့် Transaction Document များ ညှိနှိုင်းဆွေးနွေးခြင်း

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် လုပ်ငန်းတာဝန် လွှဲပြောင်း ရယူသည့်နေ့ (၃-၁၁-၂၀၁၆)ရက်နေ့မှ ကော်မတီကို ပြန်လည်အားဖြည့် ဖွဲ့စည်းသည့်နေ့ (၈-၅-၂၀၁၈)ရက်နေ့အထိ CITIC Group နှင့် Transaction Document များကို (၅၄)ကြိမ် ဆွေးနွေး ညှိနှိုင်းခဲ့ပါသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း နှင့် စက်မှုဥယျာဉ်စီမံကိန်းတို့အတွက် Exchange of Letters စာချွန်လဲလှယ်ခြင်းအပေါ် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် CITIC Group Corporation တို့ နှစ်ဘက်အပြန်အလှန် လက်မှတ်ရေးထိုးခြင်း

၂၀၁၇ ခုနှစ်၊ ဧပြီလ(၁၀)ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း စီမံကိန်း (Deep Sea Port Project) နှင့် စက်မှုဥယျာဉ် စီမံကိန်း (Industrial Park Project) တို့အတွက် Exchange of Letters စာချွန်လဲလှယ်ခြင်းအပေါ် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဒေါက်တာစိုးဝင်းနှင့် CITIC Group Corporation ဥက္ကဌ Mr. Chang Zhenming တို့ နှစ်ဘက်အပြန်အလှန် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ပူးတွဲဥက္ကဌ ဒေါက်တာစိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တဲဟုန်ပြည်နယ်ခွဲသို့ (၉-၇-၂၀၁၉)ရက်နေ့မှ (၁၃-၇-၂၀၁၉)ရက်နေ့အထိ သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ ပူးတွဲဥက္ကဌ ဒေါက်တာစိုးဝင်း ဦးဆောင်သော အဖွဲ့ဝင်(၈)ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တဲဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရ၏ ဖိတ်ကြားမှုအရ (၉-၇-၂၀၁၉)ရက်နေ့မှ (၁၃-၇-၂၀၁၉) ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တဲဟုန်ပြည်နယ်ခွဲသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါသည်။ ၂။      ချစ်ကြည်ရေးခရီးစဉ်၏ ရည်ရွယ်ချက်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ပိုမို တိုးမြှင့်နိုင်ရန်၊ ရွှေလီနိုင်ငံတော် အလေးပေးစီးပွားရေး တံခါးဖွင့်စမ်းသပ်ဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့အကြား အပြန်အလှန်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ၃။      … Continue reading

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ( ၈ ) ရက်နေ့တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက် Framework Agreement (Deep Sea Port) ကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် CITIC Consortium တို့ နှစ်ဘက်အပြန်အလှန် လက်မှတ်ရေးထိုး ဆောင်ရွက်ပြီးစီးခြင်း

              ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလ ( ၈ ) ရက်နေ့တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက် Framework Agreement (Deep Sea Port) ကို နေပြည်တော်၌ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် CITIC Consortium တို့ နှစ်ဘက် အပြန်အလှန် လက်မှတ်ရေးထိုး ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂)ရက် (အင်္ဂါ)နေ့ နေ့လယ် (၁၃:ဝ၀)နာရီအချိန် ကုန်သွယ်ရေးဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်သော စီမံခန့်ခွဲမှုကော်မတီ၊ GDE ၊ CITIC Group နှင့် HATCH ကုမ္ပဏီတို့၏ EIA/SIA, G.T Survey လုပ်ငန်းများ စတင်အ ကောင်အထည်ဖော်ဆာင်ရွက်နိုင်ရေး အစည်းအ‌ဝေး

၁။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂)ရက် (အင်္ဂါ)နေ့ နေ့လယ်(၁၃:ဝ၀) နာရီအချိန်တွင် အမှတ်(၂၂၈/၂၄၀)၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ)၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အစည်းအ ဝေးခန်းမ၌ စီမံခန့်ခွဲမှုကော်မတီ၊ GDE ၊ CITIC Group နှင့် HATCH ကုမ္ပဏီတို့သည် EIA/SIA, G.T Survey လုပ်ငန်းများ စတင်အ ကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစည်းအ ဝေးကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ၂။ … Continue reading